ချစ်သော

 သန်းခေါင်ယံ ကြယ်များလဲ မလင်းပါ

ကမ္ဘာအိုဟာ တိတ်ဆိတ်လို့နေပြီ

အဝါရောင် သီချင်းလေး တစ်ပုဒ်ကို

နာနာကျင်ကျင် ဖွဖွလေး ဆိုညည်း

တူနှစ်ကိုယ် အပြန်အလှန်ချစ်ခဲ့ခြင်းတွေ

ဒီနေရာမှာ ဒီလို အဆုံးသတ်ပြီ

ဒဏ်ရာတွေနဲ့ ပြတ်လုကြိုးတွေ

အေးတူပူအမျှ ဘဝက ခါးလေသည်


ကိုယ်ဖမ်းဆုတ်ထားတဲ့

မင်းလက်တစ်ဖက်ဟာ မသိမသာ ပြောရော့နေ

နောက်ကျောခိုင်းထားပြီး ရွေးတဲ့လမ်းမှာ

ပန်းတွေ ကြွေတော့မလေ ချစ်သောရေ

အဝေးမှာပျော်တော့လေ


ကြယ်တာယာနဲ့ ချောကလက်လမ်းတွေ

သွားလေသူအတွက် ခင်းလို့ထားလေသည်

မှုန်မှုန်ရီရီ မြူခိုးအုပ်ရစ်သီ

ဆောင်းကိုကြွေလု နှင်းစက် ကင်းလေပြီ

Comments