ဒဏ်ရာများနဲ့

နှစ်ယောက်တွေ့တိုင်း
တို့အချိန်တွေသာ ကုန်သွား
တိုးတိတ် စွာ အချစ်ကိုလေ ခံစားခဲ့
အမုန်းမရှိသော နှလုံးသားတွေ
ဆိတ်ငြိမ် ကြေကွဲနေ
အို ဘယ်သူမှမသိခဲ့ ပေမယ့်လည်းလေ

အဆိပ် လိုပဲ
အသက်သေနိုင်တယ် ဆိုလည်း
ရူးသွပ်စွာ အချစ်ကိုလေ ခံစားမယ်
အဆုံးမရှိသော နေ့ညတွေ
အနားမှာ နေချင်မိတယ်
အို ဖွင့်မပြော ဖြစ်တဲ့ ချစ်ခြင်း တွေ

နေပါစေတော့ ဘဝမှာ
တစ်ယောက်ထဲ ချစ်ခဲ့တယ်
အရာရာကိုခံစား နားလည်
ရင်ခုန်သံမရပ် သ၍ကွယ်
ဘယ်တော့မှ မ ဝေး ဘူး
အို ဒဏ်ရာများနဲ့ လွမ်းမယ်

နှစ်ယောက်တွေ့တိုင်း
တို့အချိန်တွေ သာကုန်သွား
တိုးတိတ် စွာ အချစ်ကိုလေ ခံစားခဲ့
အမုန်းမရှိသော နှလုံးသား တွေ
ဆိတ်ငြိမ် ကြေကွဲနေ
အို ဘယ်သူမှမသိခဲ့ အလွမ်းနေ့တွေ



Comments