ရာဇ၀င်တွင်မယ့်ချစ်ခြင်း

နေ့ညလည်းမရှိ ရက်အချိန်တွေမသိပါ
အချစ်ဆိုတာ စိမ့်စီးသောစမ်းရေလိုပဲ
အေးချမ်းမှုအမြဲပေးတယ်
မင်းတစ်ယောက်ကိုလေ သေသည်အထိ
တို့ချစ်နေမယ် ဂရုစိုက်ပါမယ်
ကျိန်ဆိုကျိန်မယ်အချစ် ယုံကြည်ပေးနော်

နှောင်ကြိုးလေးပတ်ရစ်
ငြိတွယ်သံယောဇဉ်
မခွဲနိုင်တော့ဘူး စွဲလမ်းကြီးတဲ့အချစ်လား
မင်းတစ်ယောက်တည်း ကိုယ့်ဘဝပါ
နှုတ်ခမ်းဖျားလေးနဲ့ သူမချစ်မှန်း
တို့သိပါတယ် တို့လက်ခံတယ်
ဘဝတစ်ခုလုံးကို မင်းကိုပုံပေးမယ်

အချစ်
အချစ်ကိုယ့်အနားရှိရင်
ပင်လယ်ပြင်လဲ ကူးခတ်ရဲတယ်

လမ်း.....
လမ်းကြမ်းများရှိပါစေ
ကြင်နာသူလက်ကလေး တွဲထားရင်းလေ
နေ့စွဲတွေ အတူဖြတ်ကျော်သွားမယ်
ဆံဖြူလို့ သွားကျိုးသည်အထိ
ရာဇဝင်တွင်မယ့် ချစ်ဇာတ်လမ်းတွေအတိုင်း.

(ဘဝ.....
ဘဝဆက်တိုင်းချစ်မယ်
ကုဋေကုဋာမကသော အနမ်းများနဲ့အတူ

မိုး.....
မိုးထက်မကမြင့်တယ်
လေပေါ်တိမ်တွေစီးရင်းချစ်ကြမယ်
တစ်ပွင့်တည်းသာ ရင်ထဲဆင်မြန်းမှာ
ဆံဖြူလို့ သွားကျိုးသည်အထိ
ရာဇဝင်တွင်မယ့် ချစ်ဇာတ်လမ်းတွေအတိုင်း...
ချစ်မယ်..



Comments