ပြန်လှည့်မကြည့်ဘူး

ဟူး...ဟိုး...ဟိုး... ဟူး...
ဖြူစင်တဲ့အချစ်များ မင်းလှည့်စား
ပုံပြင်လို သူ့စကားသံလေးတွေ
ချိုမြိန်တဲ့ အဆိပ်တစ်ခုမှန်း မသိခဲ့ဘူး
ဟန်ဆောင်ကာ အချစ်များ အသုံးချသွား
လိုနေချိန် ပြုစားတဲ့ သူအပြုံး
မာယာတွေကြား စတေးခဲ့ ငါ့ဘ၀လေး..

အကြင်နာစစ်တဲ့ အချစ်တွေ
ပေးထားရဲ့သား
တခြားသော အိပ်မက်သစ်ကို
မင်းရွေးချယ်သွား
အို မပြတ်သားတဲ့ မင်းရဲ့စကားလုံးတွေကြား
နာကျည်းနေမိပြီ

ဟိုအရင်က ပေးဆပ်ခဲ့ချိန်များ
ပြန်လည်တွေးတိုင်း အမှားတစ်ခုကိုပဲ
ရယူခဲ့တာ အရှုံး
ငိုနေလည်း ငါ့အတွက် ထူးမှာလား

အချိန်တွေက ကုစားသွားမှာပါ
ပြင်ဆင်ခဲ့ ငါ့ရဲ့ ရှေ့အနာဂတ်
လှည့်ပြန်မသွားပါ အတိတ်
မလိုတော့ဘူး မင်းလို
လူတစ်ယောက်အတွက်
ငါ့အချစ်တွေ မပေးဆပ်နိုင်တော့
အို မလွမ်းပါ နင်ယုံလိုက်..
အဆုံးသတ်ပြီ တို့နှစ်ဦးကြား
ဟိုး.....ဟို.....



Comments

Popular Post

Zekai Ngeilo Topa

Tuunnu Itna

Khatvei Beek Sin Dih Ve