ငါ့ဘဝ

  • Lyrics
  • Image
  • YouTube
  • Files

ဂစ်တာကိုကိုင်ကာ တီးခတ်ဆဲ
သီချင်းများလည်း ရေးစပ်ဆဲ
အားပေးမယ့်သူ တစ်ယောက်မှမရှိပေမယ့်
အရွယ်တူတွေ အကုန်တောက်ပလို့
တစ်ချို့ကပြန်ပျောက်ရှလို့
ငါသာအရင်လို အရောင်အဆင်းများ မွဲနေတုန်း

မပူပါနဲ့ လက်ရှိဘဝ ငါနေပျော်ခဲ့တယ်
ပြိုင်ဆိုင်ချင်စိတ်မရှိခဲ့
ပုံမှန်ပဲဖြေးဖြေးပဲ နှေးနှေးပဲ လျှောက်ဆဲ
လူတွေပဲ တစ်ယောက်နဲ့တစ်ယောက်
ဘယ်တူနိုင်ပါ့မလဲ အရာရာပုံစံကွဲလွဲ
ခံယူချက်ဆုံးဖြတ်ချက် ငါ့အတ္တ ငါကိုင်စွဲ

ရူးသွပ်တဲ့စိတ်ဒဏ်ရာတွေ မမြင်နိုင်ပဲ
ကယ်မလိုလိုနဲ့ လမ်းကြောင်းတွေလာ မလွှဲနဲ့
ဒေါသစိတ် ငါထိန်းချုပ်ရင်း
အတွင်းကြိတ်ပေါက်ကွဲ .. ရေး

ရူးသွပ်တဲ့စိတ်ဒဏ်ရာတွေ မမြင်နိုင်ပဲ
ကူမလိုလိုနဲ့ လမ်းကြောင်းတွေလာမလွဲနဲ့
ငါ့စနစ်နဲ့ ငါ့စည်းမျဉ်းများ
ငါ့စိတ်ကြိုက်ဆွဲ ဒါငါ့ဘဝပဲ

ခေတ်ရဲ့ရှေ့ လူတွေအပြေးအလွှားနဲ့
တစ်ချို့က နောက်သို့လှည့်
ငါသာ ငါနေပျော်ရာ သက္ကရာဇ်ထဲ ရပ်နေခဲ့
အရွယ်တူတွေ အကုန်တောက်ပလို့
တစ်ချို့က ပြန်ပျောက်ရှလို့
ငါသာအရင်လို အရောင်အဆင်းများ မွဲနေတုန်း

ရူးသွပ်တဲ့စိတ်ဒဏ်ရာတွေ မမြင်နိုင်ပဲ
ကယ်မလိုလိုနဲ့ လမ်းကြောင်းတွေလာမလွဲနဲ့
ဒေါသစိတ် ငါထိန်းချုပ်ရင်း
အတွင်းကြိတ်ပေါက်ကွဲ ရေး

ရူးသွပ်တဲ့စိတ်ဒဏ်ရာတွေ မမြင်နိုင်ပဲ
ကူမလိုလိုနဲ့ လမ်းကြောင်းတွေလာ မလွှဲနဲ့
ငါ့စနစ်နဲ့ ငါ့စည်းမျဉ်းများ

ငါ့စိတ်ကြိုက်ဆွဲ .. ဒါငါ့ဘဝပဲ

🖼️ Image

▶️ YouTube

📁 Files

No file to download here

Comments