အလိုက်တသိ

  • Lyrics
  • Image
  • YouTube
  • Files

ဝင်လာပါလို့ မခေါ်ခဲ့သူ
ပြန်ပါပြန်ပါ မနှင်ခဲ့ဘူး
ခဏတာခိုနားဖို့သက်သက်
ငါ့ရင်ခွင်ကိုဝင်လာခဲ့သူ
အဖြူရောင်ခြယ်တဲ့ရင်ထဲမှာ
ဒဏ်ရာတွေသာပွင့်စေခဲ့တဲ့သူ
ဝဋ်ကြွေးတစ်ခုဆိုလည်း
ကျေပါစေတော့ အခု...

အကြင်နာချိုမြိန် မျက်ဝန်းဟာ
တစ်ချိန်မှာ နာကျင်စေတတ်မှန်း
ဘ၀မှာ မသင်ကြားဖူးခဲ့တော့
ယုံလွယ်သူသာ ကိုယ့်အမှားပေါ့
ဟန်ဆောင်ကန့်လန့်ကာ
ကွာကျချိန်
ရည်ရွယ်သူဆီမင်းထွက်သွားတော့မှာ
ငါ်သိနှင့်နေလည်းပဲ
မတားရက်တော့ပါ..

ငါချစ်တဲ့မင်းစိတ်ချမ်းသာဖို့
နင်ချစ်တဲ့
တခြားတစ်ယောက်လည်းပျော်ဖို့
ငါမျက်ရည်တွေနဲ့
လမ်းခင်းရုံကလွဲလို့
ဆုတောင်းလည်း
မပြည့်ခဲ့တော့ပြီမို့
ဒီအတိုင်းပဲလမ်းခွဲကြပါစို့
အလိုက်တသိထွက်ခွာ
အိမ်ကိုပြန်တော့မလို့
ဒါ ငါ့ကံကြမာပဲမို့...

🖼️ Image

▶️ YouTube

📁 Files

Download section here

Comments

Popular Post

Zekai Ngeilo Topa

Tuunnu Itna

Khatvei Beek Sin Dih Ve