MAR - Irene Zinma Myint

  • Lyrics
  • Image
  • YouTube
  • Files

ပြောတိုင်းလည်း ခေါင်းလိုက် မညိတ်တတ်တဲ့
ငါ့အကျင့်ဟာ မိုက်သည်
ဝမ်းနည်းတိုင်း ရူးပေါပေါ မလုပ်တဲ့
ငါစိတ်ငါ လေးစားပါသည်

အဆွေးဝတ္ထု အချစ်ဝတ္ထုတို့ထက်
သရဲကား ပိုကြိုက်သည်
အနူးညံ့တော့နည်းနည်းမှ မခိုက်
မိန်းမမဆန်တော့ပြီ

ငါရှေ့ မှာ ပိတ်ရပ်တဲ့ သူစိမ်းတွေ
ငါ့နောက်က ပြောကြတဲ့စကားတွေ
မောသွားတော့ ပိတ်ကြမယ် ပါးစပ်တွေ
အဆိပ်ရှိတဲ့အရပ် မလည်ဘူးဟေ့


နားစမ်းနာ
ကြိုက်သလောက်လာစမ်းပါ ရင်ဆိုင်ဖို့အတွက်
အခက်အခဲတွေတွေ့ရလည်း
ငါမကြောက်ဘူးလေနော် ဟား...


ခေါင်းလဲမာ အသည်းလည်းမာလို့
အားလုံးကျောက်သားကြီးတွေလို
ခေါင်းလဲမာ အသည်းလည်းမာလို့
အားလုံးကျောက်သားကြီးတွေလိုမျိုး

နေ..မင်း..ကြီးပဲ
အားလုံးကို ငါအလင်းပေးမယ်
ငါပဲ..လောကကြီးထဲ အသန်မာဆုံးပေါ့ကွယ်

မာမာမာ
မာမာမာ

နည်းနည်းလေးမှ စိတ်မပါရင်
ဘာမှ ခိုင်းလို့ မရသူပါ
အမိန်နဲ့ပေးခိုင်းတဲ့အလုပ်ဆို
အမုန်းကြီးမုန်းလည်း မလုပ်နိုင်ပါ

ကလေးဘဝကတည်းက
စမက်ခဲ့ဖူးတဲ့ငါ့ရဲ့အိပ်မက်များ
လက်တွေ့ဘဝထဲလည်း
အခုတော့ကြိုးစားပန်းစားလုပ်နေ

ငါရဲ့ဘဝငါဖြတ်သန်းချိန်မှာ
အရေးမကြီးတဲ့အရာတွေကိုမေ့ထားတယ်
အချစ်နဲ့ဘဝကိုရင်ဘတ်မှာ
သတ်သတ်တကန့်စီတကယ်ထားတယ်
Hm...Hm...

ခေါင်းလဲမာ
အသည်းလည်းမာလို့
အားလုံးကျောက်သားကြီးတွေလို
ခေါင်းလဲမာ အသည်းလည်းမာလို့
အားလုံးကျောက်သားကြီးတွေလိုမျိုး

မာမာ မာ ဟေးရေးရေ

နေ..မင်း..ကြီးပဲ
အားလုံးကို ငါအလင်းပေးမယ်
ငါပဲ..လောကကြီးထဲ အသန်မာဆုံးပေါ့ကွယ်
မာမာမာ

ငါပဲအသည်းမာလား
လူပေါင်းများစွာကြားထဲကနေ
ငါပဲခေါင်းမာလား
လူပေါင်းများစွာကြားထဲကနေ

ငါပဲအသည်းမာလား
လူပေါင်းများစွာကြားထဲကနေ
ငါပဲခေါင်းမာလား
လူပေါင်းများစွာကြားထဲကနေ

မာမာမာ
ငါပဲလည်းမာခေါင်းလည်းမာ
မာမာမာ
ငါပဲလည်းမာခေါင်းလည်းမာ

ခေါင်းလဲမာ အသည်းလည်းမာလို့
အားလုံးကျောက်သားကြီးတွေလို
ခေါင်းလဲမာ အသည်းလည်းမာလို့
အားလုံးကျောက်သားကြီးတွေလို

🖼️ Image

▶️ YouTube

📁 Files

No file to download here

Comments